Posts

တန်ဖိုးရှိလိုက်တာဖေ​ဖေရယ် သမီး ဘုရား​ကို ​နောက်​တစ်​ခါ ဘယ်တော့မှ ထပ်​မသွားချင်​တော့ဘူး

Image
ဖေ​ဖေ သမီး ဘုရား​ကို ​နောက်​တစ်​ခါ ထပ်​မသွား​တော့ဘူး ဘာဖြစ်​လို့လဲ သမီးရဲ့ ဘုရား​ကို သမီးသွား​တော့ ​တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင်​ ဖုန်းသုံး​နေတဲ့သူနဲ့ အတင်း​ပြော​နေတဲ့သူနဲ့ ဘယ်​သူမှ  တ​လေးတစား မရှိကြဘူး သူတို့​အားလုံးဟာ သူ​တော်​​ကောင်း​ယောင်​ ​ဆောင်​​နေကြတာပဲ  ​ဖေ​ဖေကလည်းအင်း ဒါဆို သမီး ဘုရား​ မသွား​တော့ဖို့ မဆုံးဖြတ်​ခင်​ ​ဖေ​ဖေ သမီးကို တစ်​ခု​လောက်​ လုပ်​ခိုင်းလို့ရမလား ​ပြောကြည့်​​လေ ​ဖေ​ဖေ ဘာများလဲ ဒါဆို သမီး ဖန်​ခွက်​ထဲ ​ရေအပြည့်​ထည့်​ပြီး ဘုရားကို ၂ ပတ်​ လမ်း​လျောက်​ရမယ် ​ ဒါ​ပေမယ့်​ ​ရေ​တော့ လုံးဝ မဖိတ်​ရဘူး​နော်​ ဒါ​လေးများ ​အေး​ဆေး လုပ်​နိုင်​ပါတယ်​ ​ဖေ​ဖေ သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့်​ ​ရေ လုံးဝ မဖိတ်​ဘူး ဟုတ်​ပီ ဒါဆို ​ဖေ​ဖေ သမီးကို ​မေးခွန်း ၃ ခု ​မေးမယ်​ သမီး ဘုရား​​ပေါ်မှာ ဖုန်း သုံး​နေတဲ့သူ​တွေ ​တွေ့ခဲ့လား… အတင်း​ပြော​နေတာ​တွေ​ရော ကြားခဲ့လား.. သမာဓိပျက်​​နေတဲ့သူ​တွေ​ရော ရှိခဲ့လား ဘယ်​လိုလုပ်​ ​တွေ့ခဲ့မှာလဲ ​ဖေ​ဖေရယ်​ အဲဒါ​တွေ သွားကြည့်​ရင်​ သမီး ဖန်​ခွက်​ထဲက​ရေ ဖိတ်​သွားမှာ​ပေါ့ ကိုယ့်​ဟာကိုယ်​ အာရုံစိုက်​ထားရ

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

Image
၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။ ၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။ ၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။ ၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။ ၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။ ၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။ ၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။ ၈။ လူ့ဘ၀ဧ။် အကြီးမားဆုံး လေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။

ယောက်ကျားလေးတိုင်း မဖြစ်မနေသိထားသင့်သည့် ဥပဒေများ

Image
ပုဒ်မ ယောက်ကျားလေးတိုင်း သိထားသင့်သည့် ဥပဒေများ လမ်းမှာ သွားရင်း လာရင်း ကောင်မလေးတွေ တွေ့လို့ ဟေ့ချစ်ချစ်လို့ ခေါ်ပြီး  ပါးစပ်သရမ်းရင် ပုဒ်မ – ၅၀၉ ထောင်ဒဏ် တစ်နှစ်၊ ကားပေါ်မှာ မိန်းကလေးတွေကို မတော်မရော်သွားထိရင် ပုဒ်မ – ၃၅၄ ထောင်ဒဏ် နှစ်နှစ်၊ လင်နဲ့မယား လျှာနဲ့သွားဆိုပြီး မိန်းမကို လက်နဲ့ရိုက်ရင် ပုဒ်မ – ၃၂၃ ထောင်ဒဏ် တစ်နှစ်၊ ငါ့မိန်းမမို့ ငါရိုက်တာကွာ မင်းနဲ့ဘာဆိုင်လဲ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်တာကွဆိုပြီး တုတ်နဲ့ရိုက်ရင် ပုဒ်မ – ၃၂၄ ထောင်ဒဏ် သုံးနှစ်၊

သတိထား ဆက်ဆံရမယ့် သင့်နားက လူ ( ၈ ) မျိုး

Image
၁ ။ တင်စီးသူများ သူတို့အတွက် တင်စီးတာဟာ ယုံကြည်မှုရှိတာပါ ။ မာနဟာ ဘဝနေထိုင်နည်းပါ ။ ဘေးနားကလူတွေထက် အမြဲသာကြောင်းပြဖို့ ကြိုးစားနေသူတွေပါ ။ ဒီလူ တွေကို လိုတာထက်ပိုပြီး မပတ်သက်ပါနဲ့ ။ ၂ ။ မနာလိုသူ မနာလိုတာပါ ။ သင်အောင်မြင်တာကို မကျေနပ်တာမျိုးတင် မဟုတ်ပါဘူး ။ သင်အခက်အခဲ ဒုက္ခတွေဖြစ်နေတာကို ပျော်နေတာပါ ။ ဒီလူ တွေရဲ့ အကျင့်ကိုက အဲ့အတိုင်းဖြစ်နေတာပါ ။ ၃ ။ ဟန် သမား ဒီလူတွေကတော့ အေးအေးဆေးဆေး သမားတွေပါ ။ ဖော်ရွေပါတယ်။

အမြင့်ဆုံးအထိအောင်မြင်ချင်ရင် အသက် ၂၀+ အရွယ်မှာ ဒီအကျင့်တွေကို စွန့်လွှတ်လိုက်ပါ

Image
အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ခါးသီးတဲ့ စည်းကမ်းတွေရှိပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဆန္ဒကို သိက္ခဏာနဲ့ထိန်းသိမ်းတတ်တဲ့သူတွေ၊ စိတ်ကူးအိပ်မက်ကြီးကြီးမားမားပိုင်ဆိုင်ထားတဲ့ သူတွေဟာ တစ်ချိန်မှာတော့ တကယ့်ကို လျှမ်းလျှမ်းတောက်အောင်မြင်တဲ့သူတွေ ဖြစ်လာပါတော့တယ်။ ခုဖော်ပြပေးမှာကတော့ ကိုယ်ဝါသနာပါရာလိုင်းတွေမှာ အမြင့်ဆုံးသောအောင်မြင်မှုတွေ ရချင်တဲ့သူတွေအတွက် ၂၀ ကျော်အရွယ်ကနေ စတင် ပြုပြင်သင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ကြီးမားတဲ့စိတ်ကူးတွေ၊ အိပ်မက်တွေရှိတဲ့ လူငယ်တွေအတွက် တကယ်ကို ဖတ်သင့်တဲ့ဆောင်းပါးလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ (၁) ဆုံးဖြတ်ချက်တွေကို ပြန်ရှင်းပြ မနေပါနဲ့တော့ သင်ဘာကြောင့် ဒီအရာကို ဆုံးဖြတ်ခဲ့တာလဲ၊ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလည်း ဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ဘဝအတွက် တကယ်ကို အရေးပါတဲ့သူတွေကလွဲရင် ရှင်းပြမနေပါနဲ့တော့။ ဆုံးဖြတ်ချက်ချခဲ့ပြီးသား၊ ရွေးချယ်ခဲ့ပြီးသားအရာတွေအတွက် ငါမှားများမှားသွားပြီလားဆိုတဲ့

ချစ်သူကို မပြောသင့်တဲ့ စကား (10) ခွန်း

Image
1) “ တော်ပြီ… ချစ်နဲ့ ကို လမ်းခွဲတာပဲ ကောင်းမယ် ” ဘယ်လို အခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူး ဆိုတာ သေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ် ဆိုတဲ့ စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို တကယ် ချစ်တဲ့သူ ဆိုရင်.. သူတော်တော် ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲ လာတတ်တယ်… 2) ” ချစ်သူကို လူကြားထဲမှာ အော်ပြောခြင်း ” သူတို့ ဘယ်လောက် မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျ စေပါတယ်… ကိုယ့်ကို

မိန်းကလေးတွေ ရည်းစားနဲ့ ဒီလိုအချိန်တွေမှာ လမ်းခွဲတတ်ပါတယ်..

Image
ချစ်တော့ ချစ်ပါတယ်။ ဒါမယ့် တချို့သော အခြေအနေတွေမှာ လက်လွှတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။ (1) အချိန်မပေးနိုင်ရင် ဟိုသွားမယ် ဆိုလည်း မအားဘူး။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုးတွေပါ။ ဂိမ်းဆော့စရာရှိလို့ ဘယ်သူနဲ့ချိန်းထားသေးတယ် ဒီည ဘယ်ဘောလုံးပွဲလာမှာ ဆိုတာတွေပေါ့။ ဘောလုံးပွဲက ကိုယ့်ချစ်သူထက်အရေးကြီးရင် ဘောလုံးသာ ဖက်အိပ်လိုက်ပါ။ ပိုက်ဆံမပေးနိုင်ရင် မုန့်ဟင်းခါးမစားပါနဲ့။ အချိန်မပေးနိုင်ရင် ရည်းစား မထားပါနဲ့။ အလှူတွေမှာ စတုဒီသာ ကျွေးရင် မုန့်ဟင်းခါးလည်း အလကား စားလို့ရတယ်ဆိုတဲ့သူတွေကို တစ်ခုလောက် မေးချင်ပါတယ်။ အချိန်မပေးနိုင်ဘဲ ရည်းစား ထားရင်ကော ရှင်တို့လိုချင်တဲ့ မိန်းကလေးမျိုး ရရဲ့လားလို့။ (2) အထီးကျန် လာရင် ကိုယ်မှာ ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန်နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ တစ်ယောက်တည်း နေရတာ များလာတဲ့အခါ နေသားကျသွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း